Olivego ကုမ္ပဏီကို ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်ုပ်တို့ Olivego ဟာဆိုရင် ဆက်ဆံရေးများကို အလေးထားခြင်း၊ Customer ကို စိတ်ကျေနပ်မှုရရှိစေခြင်း၊ တီထွင်ဆန်းသစ်မှုတွေအတွက် စိတ်အားထက်သန်မှု ရှိခြင်း၊ အသင်းအဖွဲ့ဖြင့်လုပ်ကိုင်နိုင်စွမ်းရှိခြင်း၊ ပြည့်စုံမှန်ကန်မှုရှိခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းတို့ကို အလေး ထားတဲ့ ကုမ္ပဏီဖြစ်ပါသည်။ ဆယ်စုနှစ်နှစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးတဲ့နောက် စျေးကွက်၏ အတွေ့အကြုံတွေနဲ့ စျေးကွက်ကို လေ့လာဆန်းစစ်ပြီးတဲ့နောက် ကျွန်ုပ်တို့ Olivego သည် သုံးစွဲသူလူထုအတွက် ပိုမိုအဆင်ပြေလွယ် ကူစေရန် အဓိကထားသည့် ပိုမိုကောင်းမွန်သော E-commerce Platform ကို စတင်ထည်ထောင်ဖို့ရန် ရည်ရွယ် ပြီး ပြုလုပ်ခဲ့ပါသည်။ Customer များမှ ကျွန်ုပ်တို့၏ E-commerce Platform တွင် အိမ်ဆောက်ပစ္စည်းအမျိုးစုံ ကို ဝယ်ယူရရှိနိုင်ပြီး အိမ်တွင်းလိုအပ်သည့် အသစ်တပ်ဆင်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းဝန်ဆောင် မှုများကို တစ်နေရာတည်းတွင် နိုင်ငံတစ်ဝန်းလုံးမှ အလွယ်တကူ ဝယ်ယူရရှိနိုင်နိုင်မှာပဲ ဖြစ်ပါသည်။ သို့သော် Olivego ဟာ ဒီနေရာမှာ ရပ်နေမှာတော့ မဟုတ်ပါဘူး။ Olivego တွင် ပရောဂျက်များတွက်နိုင်ခြင်းတွက် ပါဝင်ပါ သည်။ customer များ လိုအပ်ချက်များအတိုင်း တိကျသေချာသည့်အဖြေများ ရစေနိုင်မည့် ပရောဂျက်တွက် ချက်ခြင်းများလည်း ထည့်သွင်းထားပါသည်။ အကောင်းဆုံးသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့်အတူ Olivego မှ အဖိုးတန်၊ အရည်အသွေးရှိသော ကုန်ပစ္စည်းများအတွက် အကောင်းဆုံးသော စျေးဝယ်ခြင်း အတွေ့ အကြုံများကို ကြိုက်နှစ်သက်သည့် Customer များအတွက် DIY အကူအညီနှင့် ဝန်ဆောင်မှုများကိုလည်း ထည့် သွင်းထားပါသည်။ ကျွန်ုပ်တို့၏ Olivego သည် အိမ်တိုင်းအိမ်တိုင်းအတွက် မရှိမဖြစ်နှင့် အရည်အသွေး ကောင်း သောပစ္စည်းများနှင့် လွယ်ကူအဆင်ပြေ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကိုသာ ထောက်ပံ့ပေးထားသော ကြောင့် ရှိထားသင့်သည့် ရတနာပင်ဖြစ်ပါသည်။
- Home>
- About us>
Olivego Company Limited
Vision
ကျွန်ုပ်တို့ရဲ့ Vision သည် အကောင်းဆုံးသော စျေးဝယ်ခြင်းနှင့် ဝန်ဆောင်မှုများကို online မှတစ်ဆင့် ရရှိနိုင်သော ကမ္ဘာလုံးဆိုင်ရာ နံပါတ်တစ် Online Platform ဖြစ်စေရန် ရည်ရွယ်ပါသည်။
Mission
Customer များကို Online မှ လုံခြုံစိတ်ချစွာစျေးဝယ်နိုင်ခြင်းဖြင့် လွယ်ကူချောမွေ့စေသော အတွေ့အကြုံ ကောင်းများကို ပေးဆောင်နိုင်စေရန်၊ လျှင်မြန်ပြီး စိတ်ချရသော Delivery ဝန်ဆောင်မှုဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ရောက်ရှိနိုင်စေရန်၊ အကောင်းဆုံးသော စျေးနှုန်းများနှင့် အကောင်းဆုံးသော Customer ဝန်ဆောင်မှုများကို ပေး ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။
Values
Customer များ၏ ယုံကြည်စိတ်ချမှုကို ဦးစားပေးသည့်အတွက် Customer များနှင့် ဆက်ဆံနေချိန် အချိန်တိုင်း တွင် ရိုးသားမှုနှင့် မျှတမှုကို ပေးဆောင်နိုင်ရန် ကြိုးစားထားပါသည်။ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်အနေနှင့် အဆင်ပြေဖို့ရန်မဟုတ်ပဲ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ရည်ရွယ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန် ထမ်းများကလည်း Customer များလိုအပ်မည့် အမျိုးမျိုးသော အထောက်အပံ့များကိုထောက်ပံ့ပေးနိုင်ရန်လည်း အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။
Our Team
Digital Marketing Department
Purchasing Department
Customer Service Department
Warehouse Department
Services
နံရံအက်ကြောင်းများ ပြုပြင်ဖာထေးပေးခြင်း။
ကြွေပြားကျောက်ပြားများကို ပြန်လည်ခင်းပေးခြင်း။
ကွန်ကရစ်ထပ်ပိုးလွှာ ပြန်လည်လောင်းပေးခြင်း။
မြန်မာထိုင်မှာ ဘိုထိုင်အိမ်သာ ပြောင်းလဲပေးခြင်း။
တံခါး၊ သံဇကာများ တပ်ဆင်ခြင်း။
ရေပိုက်သွယ်တန်းမှုနှင့် ပြန်လည်ပြင်ဆင်ပေးခြင်း။
လျှပ်စစ်နှင့်ပတ်သက်သည့် ပြုပြင်တပ်ဆင်ခြင်း။
ဆိုလာတပ်ဆင်ခြင်း။
အလူမီနီယံတံခါးများနှင့် ပြတင်းပေါက်များ တပ်ဆင်ပေးခြင်း။
ဆေးသုတ်ခြင်း။
အခန်းဖွဲ့ခြင်း
အိမ်ခေါင်မိုးပြုပြင်ခြင်း
Trunking Service
ရေတိုင်ကီ တပ်ဆင်ပေးခြင်း
ဝိုင်ယာကြိုးဟောင်းများနှင့် လျှပ်ကာကြိုးများကို အစားထိုးခြင်း၊ ဆားကစ်များကို သန့်ရှင်းရေးလုပ်ခြင်း